Tuesday, 1 November 2011

big bang မဖြစ်ခင်တုန်းက ဘာရှိခဲ့မလည်း ?

ကျနော် စဉ်းစားမိတယ်။ big bang မဖြစ်ခင် တုန်းက ဘာရှိခဲ့မလဲ။ စကြ၀ဠာကြီးဟာ subatomic particle ထက် သေးငယ်တဲ့ အမှုန် ကလေးတဲ့။ ဒါဆို အဲဒီတုန်းက အဲဒီ particle လေးရဲ့ ဘေးမှာ ဘာရှိသလဲဟင်။ big bang စတော့မှ Time & Space က စတာတဲ့။ အဲဒီတော့ ဘာမှ မရှိဘူးတဲ့။ ကျနော် သေချာ မသိဘူးဖြစ်နေတယ်။ physics နဲ့ ဖြေလို့မရပဲ၊ meta-physics ဖြစ်သွားမလား။a
· · · Sunday at 11:45pm near Yangon

    • Arkar Kyaw ဟော့ကင်းကတော့ ဒါကို စဉ်းစားစရာမလိုဘူးလို့ ဆိုတယ်။ Big Bang Singularity မှာ အရာအားလုံးဟာ အမှတ်တစ်နေရာတည်းမှာ စုနေပြီးတော့ Physical Law တွေ အားလုံး Breakdown ဖြစ်သွားတယ်၊ ဒီအတွက် အဲဒီအရှေ့မှာ ဘာဖြစ်ခဲ့သလဲဆိုတာ ကျွန်တော်တို့ ဘယ်တော့မှ မသိနိုင်ဘူးလို့ ဆိုတယ်။

      ဒါနဲ့ပြောရရင် စကြဝဠာအကြောင်း စဉ်းစားတာဟာ physics မဟုတ်ပါ။ Cosmology ဖြစ်ပါတယ်။ Meta-physics ကိုလည်း Pragmatism ပေါ်လာပြီးနောက်ပိုင်းမှာ ဘယ်သူမှ မပြောကြတော့ပါ။
      Monday at 12:02am · · 4 people
    • Tazar Moonlitpath It's inconceivable. No one can conceive of such thing honestly at least.
      Monday at 12:21am · · 1 person
    • Lynn Niño အင်း ဘရိုင်ယန် ကလက် ကတော့ ဒီလိုပြောဖူးတာပဲ။ စကြ၀ဠာကြီးက အဆံးအစ မရှိဘဲ စက်ဝိုင်းပုံ လည်ပတ်နေတတဲ့ အရာ တဲ့။ (စက်ဝိုင်းရဲ့ အစကို ဘယ်သူမှ တွေးလို့မရဘူး) နောက်ပြီးတော့ သူဆက်ပြောတယ်။ ကျနော်တို့ အခု နေထိုင်နေတာဟာ အချိန်ထဲမှာ တဲ့။ ကျနော်တို့ အချိန် ရဲ့ အပြင်ကို ထွက်ပြီး မတွေးနိုင်ဘူး တဲ့။ အချိန် ရဲ့ “မတိုင်မီ” ကို တွေးတာကိုက မှားနေပါပီ၊ ဘာဖြစ်လို့လဲ ဆိုတော့ “မတိုင်မီ” ဆိုတာကိုက အချိန်ကိုတိုင်းတာမှု တစ်ခုပဲ မဟုတ်လား။ တဲ့။ အချိန်မရှိရင်၊ မတိုင်မီ ဆိုတာလည်း မရှိနိုင်ပါဘူး။ အဲဒီတော့ . . ပြောရင်းပြောရင်းနဲ့ သဘောပေါက်သွားပါပီ။
      thanks guys
      Monday at 12:23am · · 4 people
    • Jonathan SiteChan sorry i don't know how to type burmese font, look into string theory and parallel universes theory, it's answer some aspect of big bang while it produce more questions for itself.
      Monday at 11:06am ·
    • Zin Zae ဟာ တစ်ကယ်ကို အကြီးကြီးတွေ ပြောနေကြတာပါလား
      သံသရာ ဆိုတာ အဆုံးအစ မသိနိုင်ဘူးလေ
      စက်ဝိုင်း တစ်ဝိုင်းလိုပဲပေါ့
      အနည်းဆုံး တစ်ပတ်ပြည့်ပြီးမှ စမြင်ကြရတဲ့လူတွေ အတွတ်တော့ အစ နဲ့ အစရဲ့ ဟိုးတစ်ဖက်ခြမ်းဆိုတာ မသိနိုင်ဘူးလေ
      အချိန်တွေ အလကား ကုန်သွားဦးမယ်
      အုံး စားမနေကြနဲ့ဦး
      Monday at 7:27pm · · 1 person
    • Boston Cat ကျနော့အယူအဆကတော့ (ကျနော်ဘာမှမသိပါ ထင်တာပြောခြင်းပါ) Big Bang မတိုင်ခင်တုန်းက Time မရှိခဲ့ဘူး Big Bang နဲ့အတူ Time ဆိုတဲ့အရာပါ ပေါ်လာတဲ့အတွက်၊ Big Bang မရှိခင်က ဆိုတဲ့မေးခွန်းက Out of question ဖြစ်နေသလားလို့ပါ။
      9 hours ago ·
    • Lynn Niño ဟုတ်ပါတယ်။ Big Bang မတိုင်ခင်က Time & Space မရှိတဲ့အတွက် “ဘေးနားမှာ” ဆိုတဲ့ space ကိုတိုင်းတာတဲ့ စကားနဲ့၊ “မတိုင်မီ” ဆိုတဲ့ အချိန်ကို တိုင်းတာတဲ့ စကားဟာ မရှိနိုင်ဘူး။ အဲဒါကိုလည်း ကျနော် အပေါ်က ကွန်းမန့်မှာ ပြန်ပြောခဲ့ပြီးပါပီ။
      9 hours ago · · 1 person

1 comment:

  1. ကျွန်တော်တို့လူဦးနှောက်ရဲ့ စဉ်းစားတွေးခေါ်နိုင်တဲ့ စွမ်းရည်က ကန့်သတ်ချက်ရှိပါတယ်... big bang မတိုင်မီ ဘာရှိနိုင်လဲဆိုတာက ကျွန်တော်တို့နယ်ပယ်ရဲ့ အလွန်မှာရှိတဲ့အတွက် ဘုရားမှတပါး သိနိုင်မယ့်သူမရှိဘူး...း) ဒီလို post တွေနောက်လည်းတင်ပါ... စိတ်ဝင်စားတယ်...း) ကျွန်တော့် blog လေးလည်း စိတ်ဝင်စားရင် အားပေးပါဦး.. http://koheinphotography.blogspot.com

    ReplyDelete